အတွင်းခံဘောတန်း
၅.၅.၂၀၁၇
ထိုင်းနိုင်ငံ မဟာစာလခန် ပြည်နယ်(အိစံတို့ နယ်မြေ)က ခြုံတောတခုအတွင်းမှာ လူငယ်စုံတွဲတွေ ချိန်းတွေ့ ပြီး တိုင်း အတွင်းခံတွေကို အမှတ်တယ အနေနဲ့  ချိတ်ဆွဲကြစွန့်ပစ် ထားခဲ့တဲ့ဓလေ့ဟာ လူငယ်တွေကြားမှာ ခေတ်စားလာနေတယ်လို့  ထိုင်းဆိုရှယ်မီဒီယာတွေမှာ ဖေါ်ပြခဲ့တာကြောင့်ဒီ အတွင်းခံတောတန်းရဲ့ သတင်းဟာ ဟိုးလေးကျော်လာခဲ့ပါတယ်။
မိုင်ဝက်လောက်ရှိတဲ့ ခြုံတောတွေမှာ ကျားမ အတွင်းခံတွေ -လိင်ဆက်ဆံတဲ့အခါ သုံးတဲ့ ပစ္စည်းတွေနဲ့  ပြည့်နေတယ်လို့  သိရပါတယ်။
အဆိုပါအတွင်းခံ တောတန်းကို သတင်းသမားတွေနဲ့  သက်ဆိုင်ရာတာဝန်ရှိသူတွေက သွားရောက် စစ်ဆေးခဲ့ရပြီး စုပုံပြန့် ကြဲနေတဲ့ အတွင်းခံတွေကို မီးရို့ ဖျက်ဆီးဘို့ အတွက် စီစဉ်နေကြရပါတယ်။
နွေရာသီမှာ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အမှိုက် မီးပုံရို့ ရင် ဒဏ်ငွေဘတ်(၅၀၀၀)အထိဒဏ်ရိုက်မယ်လို့ အမိန့် ထုတ်ထားတာ မို့ အတွင်းခံတွေစုပြီး မီးတိုက်တဲ့အခါ တောမီးလောင်မှာစိုးရိမ်နေကြတယ်လို့ လည်း ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။
SAW
Thai youth sexual preferences , such as having sex, discard condoms or pants as a symbol. By regional calling that forest. as "Jungle pants" in Mahasarakam province Thailand.
Comments
Post a Comment