EXO Fanများသည်းထန်စွာငိုကြွေး😂😂😂








ကြိုဆိုနှုတ်ဆက်ခွင့်မရသဖြင့်မျက်ရည်ကျခဲ့ရသည့် EXO Myanmar Fans
.
ယနေ့(မေလ ၆ ရက်)ညနေ ရန်ကုန်မြို့Thuwanna Bumi Event Park တွင် ကျင်းပပြုလုပ်မည့်
KPOP Festival in Myanmar 2017 အတွက် လာရောက်ဖျော်ဖြေရန်ရောက်ရှိလာသည့်
တောင်ကိုရီးယားနိုင်ငံမှ EXO အဖွဲ့ကို အားပေးသည့် မြန်မာပရိတ်သတ်အမျိုးသမီးငယ်များမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မေလ ၅ ရက်ညက စောင့်ဆိုင်းနေခဲ့ကြသည်။ ထိုသို့စောင့်ဆိုင်းသူများထဲတွင် နံနက်ပိုင်းမှ စတင်ပြီး တနေကုန်နီးပါးလာရောက်စောင့်ဆိုင်းသူများလည်းရှိကြောင်းသိရသည်။ EXO အဖွဲ့စီးနင်းလာသည့် လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ည ၁၁ နာရီဝန်းကျင်တွင်ရောက်ရှိခဲ့သော်လည်း EXO အဖွဲ့ဝင်များသည် ပရိတ်သတ်များစောင့်ဆိုင်းနေသည့် လေဆိပ်ထွက်ပေါက်မှ ထွက်ရှိခြင်းမရှိပဲ အခြားလမ်းကြောင်းမှတဆင့်ထွက်ခွာသွားခဲ့သည်။ ထို့ကြောင့် လာရောက်ကြိုဆိုသည့် EXO Myanmar Fans များမှာ ၀မ်းနည်းစွာငိုကြွေးခဲ့ကြသည်။ KPOP Festival in Myanmar 2017 ပွဲတွင် တောင်ကိုရီးယားနိုင်ငံမှ ထင်ရှားသည့် KPOP အဖွဲ့များဖြစ်သည့် EXO ၊ NCT127 ၊ TRAX နှင့် MATILDA တို့ပါဝင်ဖျော်ဖြေကြမည်ဖြစ်သည်။
http://takhon.com/exo-myanmar-fans-crying/
#ExoMyanmarFans #TaKhon

Comments

Popular posts from this blog

တာမွေမြို့နယ်တွင် ရေခဲမုန့်ကား တစ်စီးလုံးနီးပါး မီးလောင်ကျွမ်းမှုဖြစ်ပွား

အမျိုးသမီးတစ်ဦး လယ်ကွင်းထဲရှိ ရေကန်ငယ် တစ်ခုအတွင်း ရေနစ်သေဆုံးလျက်တွေ့ရှိ