Posts

Image
မင်္ဂလာ​တောင်​ညွန့်​တွင်​ ရုန်းရင်းဆန်​ခတ်​ဖြစ်​ပွား ဧရာဝတီ၊ ​မေ ၁၀၊ ၂၀၁၇ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် မြရာကုန်းလမ်းတဝိုက်ရှိ လမ်းတခုအ​​တွင်း ခိုးဝင် ဘင်္ဂါလီများရောက်ရှိဟုဆိုကာ ရဲတပ်ဖွဲ့​နှင့် မျိုးချစ်ရဟန်းတော်များသမဂ္ဂအဖွဲ့ဝင်များက ည ၁၁ နာရီဝန်းကျင်​၌ ၀င်ရောက်စစ်ဆေးစဉ် ရပ်ကွက်နေ မွတ်ဆလင်များနှင့်အချင်းများခဲ့သည်​။  အ​ခြေအ​နေများကို ထိန်းသိမ်းရင်း ရဲတပ်ဖွဲ့ဝင်များမှ သေနတ်ပစ်ဖောက် သတိပေးထိန်းသိမ်းခဲ့သည်​။ လက်​ရှိတွင်​ မင်္ဂလာ​တောင်​ညွန့်​​ဈေး​ရှေ့ မြရာကုန်းလမ်းမတ​လျှောက်​တွင်​ ရဲတပ်​ဖွဲ့က ပိတ်​ဆို့ ကာ လုံခြုံ​ရေးယူ​လျက်​ရှိသည်​။ ​ ထိခိုက်​ဒဏ်​ရာရ စာရင်းကို အတည်မပြုနိုင်သေးပါ။  ဓာတ်ပုံ- မျိုးမင်းစိုး / ဧရာဝတီ

EXO Fanများသည်းထန်စွာငိုကြွေး😂😂😂

Image
ကြိုဆိုနှုတ်ဆက်ခွင့်မရသဖြင့်မျက်ရည်ကျခဲ့ရသည့် EXO Myanmar Fans . ယနေ့(မေလ ၆ ရက်)ညနေ ရန်ကုန်မြို့Thuwanna Bumi Event Park တွင် ကျင်းပပြုလုပ်မည့် KPOP Festival in Myanmar 2017 အတွက် လာရောက်ဖျော်ဖြေရန်ရောက်ရှိလာသည့် တောင်ကိုရီးယားနိုင်ငံမှ EXO အဖွဲ့ကို အားပေးသည့် မြန်မာပရိတ်သတ်အမျိုးသမီးငယ်များမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မေလ ၅ ရက်ညက စောင့်ဆိုင်းနေခဲ့ကြသည်။ ထိုသို့စောင့်ဆိုင်းသူများထဲတွင် နံနက်ပိုင်းမှ စတင်ပြီး တနေကုန်နီးပါးလာရောက်စောင့်ဆိုင်းသူများလည်းရှိကြောင်းသိရသည်။ EXO အဖွဲ့စီးနင်းလာသည့် လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ည ၁၁ နာရီဝန်းကျင်တွင်ရောက်ရှိခဲ့သော်လည်း EXO အဖွဲ့ဝင်များသည် ပရိတ်သတ်များစောင့်ဆိုင်းနေသည့် လေဆိပ်ထွက်ပေါက်မှ ထွက်ရှိခြင်းမရှိပဲ အခြားလမ်းကြောင်းမှတဆင့်ထွက်ခွာသွားခဲ့သည်။ ထို့ကြောင့် လာရောက်ကြိုဆိုသည့် EXO Myanmar Fans များမှာ ၀မ်းနည်းစွာငိုကြွေးခဲ့ကြသည်။ KPOP Festival in Myanmar 2017 ပွဲတွင် တောင်ကိုရီးယားနိုင်ငံမှ ထင်ရှားသည့် KPOP အဖွဲ့များဖြစ်သည့် EXO ၊ NCT127 ၊ TRAX နှင့် MATILDA တို့ပါဝင်ဖျော်ဖြေကြမည်ဖြစ်သည်။ ht...

အတွင်းခံဘောတန်း

Image
၅.၅.၂၀၁၇ ထိုင်းနိုင်ငံ မဟာစာလခန် ပြည်နယ်(အိစံတို့ နယ်မြေ)က ခြုံတောတခုအတွင်းမှာ လူငယ်စုံတွဲတွေ ချိန်းတွေ့ ပြီး တိုင်း အတွင်းခံတွေကို အမှတ်တယ အနေနဲ့  ချိတ်ဆွဲကြစွန့်ပစ် ထားခဲ့တဲ့ဓလေ့ဟာ လူငယ်တွေကြားမှာ ခေတ်စားလာနေတယ်လို့  ထိုင်းဆိုရှယ်မီဒီယာတွေမှာ ဖေါ်ပြခဲ့တာကြောင့်ဒီ အတွင်းခံတောတန်းရဲ့ သတင်းဟာ ဟိုးလေးကျော်လာခဲ့ပါတယ်။ မိုင်ဝက်လောက်ရှိတဲ့ ခြုံတောတွေမှာ ကျားမ အတွင်းခံတွေ -လိင်ဆက်ဆံတဲ့အခါ သုံးတဲ့ ပစ္စည်းတွေနဲ့  ပြည့်နေတယ်လို့  သိရပါတယ်။ အဆိုပါအတွင်းခံ တောတန်းကို သတင်းသမားတွေနဲ့  သက်ဆိုင်ရာတာဝန်ရှိသူတွေက သွားရောက် စစ်ဆေးခဲ့ရပြီး စုပုံပြန့် ကြဲနေတဲ့ အတွင်းခံတွေကို မီးရို့ ဖျက်ဆီးဘို့ အတွက် စီစဉ်နေကြရပါတယ်။ နွေရာသီမှာ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အမှိုက် မီးပုံရို့ ရင် ဒဏ်ငွေဘတ်(၅၀၀၀)အထိဒဏ်ရိုက်မယ်လို့ အမိန့် ထုတ်ထားတာ မို့ အတွင်းခံတွေစုပြီး မီးတိုက်တဲ့အခါ တောမီးလောင်မှာစိုးရိမ်နေကြတယ်လို့ လည်း ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။ SAW Thai youth sexual preferences , such as having sex, discard condoms or pants as a symbol. By regional calling that forest. as "Jungle pants...

အမျိုးသမီးတစ်ဦး လယ်ကွင်းထဲရှိ ရေကန်ငယ် တစ်ခုအတွင်း ရေနစ်သေဆုံးလျက်တွေ့ရှိ

Image
မေလ ၃ ရက် ညနေ (၅)နာရီခန့်က သန္တာမြေဘိုးဘွားရိပ်သာနောက်ကြောဘက် လယ်ကွင်းထဲရှိ ရေကန်ငယ် တစ်ခုအ တွင်း အမျိုးသမီးငယ်တစ်ဦး ရေနစ်သေဆုံးလျက်တွေ့ရှိခဲ့သည်ဟု သတင်းရရ...

တာမွေမြို့နယ်တွင် ရေခဲမုန့်ကား တစ်စီးလုံးနီးပါး မီးလောင်ကျွမ်းမှုဖြစ်ပွား

Image
တာမွေမြို့နယ်၊ မေတ္တာညွှန့်ရပ်ကွက်၊ မာလာနွယ်လမ်းတွင် ရေခဲမုန့်ကား တစ်စီးလုံးနီးပါး မီးလောင်ကျွမ်းမှု ဧပြီ ၄ ရက် မွန်းလွဲ ၁ နာရီခန့်က ဖြစ်ပွားခဲ့သည်။ မာလာနွယ...